29 C
Yangon

နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိ

Must read

နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိ

■ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၄ ခု အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ နမ့်ဆန်မြို့ရှိ စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် စစ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်းသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁ နှင့် လက်အောက်ခံတပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရော က်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ တပ်များဖြစ် သည့် အမှတ် ၆၂၆ နှင့် ၉၂၉ တို့ အခြေချရာ မြို့လည်း ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ရှိ စစ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်၏ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးဖြင့် အချက်ရေများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းဖြင့် Mi35 ၁ ကြိမ်၊ ART-42 ၅ ကြိမ်၊ Jet Fighter ၁၉ ကြိမ်၊ Y12 လေယာဥ် ၅ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ၊ နမ့်ဆန် မြို့မ ဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင်၊ နေအိမ် အလုံး ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်း ၆၀ ကျော်နှင့် စစ်သုံ့ပန်း ၃၀ ဦး၊ မိသားစုဝင် ၃ ဦး၊ ရဲ ၆ ဦး၊ ရဲမိသား စုဝင် ၂၅ ဦး စုစုပေါင်း ၆၄ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင် ပစ္စည်း အများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article