27 C
Yangon

ရန်ကုန်တွင် မိုင်းများ တပ်ဆင်ထားသည့် BLUETOOTH SPEAKER ဖြင့် စစ်ကောင်စီဒေါက်တိုင်နှင့်ယန္တရားကို တိုက်ခိုက်သည့် စုပေါင်းစစ်ဆင်ရေး စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်၊ ပိုမိုပြင်းထန်သော စစ်ဆင်ရေး ဆောင်ရွက်မည်ဟု ကြေညာ

Must read

ရန်ကုန်တွင် မိုင်းများ တပ်ဆင်ထားသည့် BLUETOOTH SPEAKER ဖြင့် စစ်ကောင်စီဒေါက်တိုင်နှင့်ယန္တရားကို တိုက်ခိုက်သည့် စုပေါင်းစစ်ဆင်ရေး စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်၊ ပိုမိုပြင်းထန်သော စစ်ဆင်ရေး ဆောင်ရွက်မည်ဟု ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တွင် မိုင်းများ တပ်ဆင်ထားသည့် BLUETOOTH SPEAKER ဖြင့် စစ်ကောင်စီဒေါက်တိုင်နှင့်ယန္တရားကို တိုက်ခိုက်သည့် စုပေါင်းစစ်ဆင်ရေး စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ပိုမိုပြင်းထန်သော စစ်ဆင်ရေး ဆောင်ရွက်မည်ဟု ALPHA OPERATION မှ တာဝန်ခံ မင်းခေါင်က ကြေညာလိုက်သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ ၊ မြို့နယ် ၁၁ ခုတွင် မိုင်းများ တပ်ဆင်ထားသည့် BLUETOOTH SPEAKER ဖြင့် စစ်ကောင်စီဒေါက်တိုင်နှင့်ယန္တရားကို တိုက်ခိုက်သည့် စုပေါင်းစစ်ဆင်ရေး စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း၊ စမ်းသပ်စစ်ဆင်ရေး ဖြစ်သည်နှင့်အညီ ကမ်ပိန်း အသွင်ဆောင်သည့် ပေါ့ပါးသည့် ပုံစံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊

နည်းပညာကိုလည်း ထိုက်သင့်အားလျော်စွာ တိကျမှန်ကန်စွာ အသုံးပြုခဲ့ကြောင်း၊ စစ်ကောင်စီတပ်စွဲထားသော နေရာများနှင့် အနီးဝန်းကျင်၊ ပျူများ စုစည်းနေသည့် နေရာများအနီးတွင် နည်းပညာသုံး မိုင်းများ တပ်ဆင်ထားသည့် BLUETOOTH SPEAKERများ ဖြန့်ကျက်ချထားခဲ့ကြောင်း သိရှိရသည်။

BLUETOOTH SPEAKER များက နွေဦးတော်လှန်ရေး ကမ်ပိန်းအား ရှင်းပြခြင်း ၊ လာရောက် မကိုင်၊ မထိ၊ မဖယ်ရှား၊ မပိတ်ပစ်ရန် သတိပေးစကားများ ထွက်နေပြီး သတိပေးစကားသံများနှင့်အတူ လက်ရှိ တော်လှန်ရေး အောင်မြင်မှု အခြေအနေကို ပြည်သူများကို ရှင်းပြခြင်းနှင့် ဘေးအန္တရာယ် ကင်းအောင် နေထိုင်သွားလာကြရန် အသိပေး ရှင်းပြခြင်းများ အဆက်မပြတ်ထွက်ပေါ်နေမည်ဖြစ်ကြောင်း ၊ ထိုအဆင့်သည် ပထမ အသံသပိတ်ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအဆင့်မှာ ထို BLUETOOTH SPEAKER များကို ပိတ်သူ၊ ဖယ်ရှားသူ၊ ဖျက်ဆီးသူများ ရှိခဲ့ပါမူ စတင်ဖယ်ရှားခြင်း၊ ခလုတ်များပိတ်ရန် ကြိုးစား၍ နှိပ်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ပါက လုပ်သည့်အချိန်မှစ၍ သတ်မှတ်အချိန်တွင် ထိုစပီကာများမှာ မိုင်းများအဖြစ် ပြောင်းလဲပေါက်ကွဲသွားခဲ့ကြောင်း၊

စစ်ဆင်ရေးတွင် စစ်ကောင်စီက မထုတ်ပြန်ဘဲ ထားသည့် စစ်စေကာင်စီတပ်သားများနှင့် ပျူစောထီးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ သို့ရာတွင် စစ်ကောင်စီ လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် ၎င်းတို့၏ တပ်သားများနှင့် ပျူစောထီးများ ထိခိုက်သည်ကို ထုတ်ဖော်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် ပြည်သူများစွာ ထိခိုက်သည်ဟု ဝါဒဖြန့်နေကြောင်း ALPHA OPERATION မှ ပြန်ကြားရေးတာဝန်ခံ မင်းခေါင်က ရှင်းပြသည်။

ALPHA OPERATION ၏ စမ်းသပ် စစ်ဆင်ရေးသည် ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီး စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အထူးတပ်သားများ ဖမ်းဆီးခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများ မရှိခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေးတွင် ပြည်သူဟု မှတ်ယူနိုင်သူ ၂ ဦး BLUETOOTH SPEAKER တစ်လုံးကို ကောက်ယူသဖြင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိကြောင်း ၊ အဆိုပါ ပြည်သူ ၂ ဦးအတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် BLUETOOTH SPEAKER အပါအဝင် မိမိနှင့်မသက်ဆိုင်သည့် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုဘဲ ဝေးဝေး ရှောင်ရှားသွားကြရန် ထပ်မံ အသိပေး ထားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ဒီဇင်ဘာ ၁၆ ရက်နေ့ ရန်ကုန်မြို့တွင် မြို့နယ် ၁၁ ခုတွင် မိုင်းများ ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုများတွင် လူ ၁ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ALPHA OPEARTION ၏ စမ်းသပ်စစ်ဆင်ရေးသည် ဟန်ချက်ညီစွာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ လည်း ပိုမိုပြင်းထန်သော စစ်ဆင်ရေးများကို ရန်ကုန်မြို့နှင့် အခြားမြို့များတွင်ပါ တစ်ပြိုင်နက်တည်း ဆင်နွှဲသွားမည်ဖြစ်ကြောင်း၊ မြို့နေ ပြည်သူများအနေဖြင့်လည်း မိမိနှင့် မဆိုင်သည်များတွင် ပါဝင်စွက်ဖက်ခြင်း မပြုရန်နှင့် မြို့ပြ အထူးစစ်ဆင်ရေးကို နိုင်သည့်ဘက်မှ ၀ိုင်းဝန်း အားဖြည့် ကူညီပေးကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှု မြင်ကွင်းကို စစ်တပ်က သတင်းထုတ်ပြန်ထားသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article