Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့က စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေကာ စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
-နမ့်ဆန်မြို့မှာ စစ်တပ်ဗျူဟာကုန်းကို TNLA တပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ဗျူဟာကုန်းမှာ စစ်ကူတွေ အပါအဝင် စစ်ကြောင်းတွေကို အထိုင်ချကွပ်ကဲနေတဲ့ အမှတ် ၁၀၁ ခြေမြန် တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ်မှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ နေပြည်တော်၊ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။
– တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာမှာအခြေစိုက်ထားတဲ့ မောရဝတီ ရေတပ်ဌာနချုပ်ကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။