24 C
Yangon

ဒီပဲယင်းမြို့နယ်၊ အောင်ချမ်းသာရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Must read

ဒီပဲယင်းမြို့နယ်၊ အောင်ချမ်းသာရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းအောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မနေ့ မနက်ပိုင်းမှာ ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကနဦးသိရပါတယ်။

အင်အား ၄၀ ဦး၀န်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး ရေဦး မြို့ကနေဒီပဲယင်းနယ်ဘက်ကိုစစ်ကြောင်းထိုး၀င်ရောက် လာတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ရေဦးနယ် အနောက်ခြမ်းက မစိုးရိမ်ကျေးရွာကို ၀င်ရောက် တပ်စွဲပြီး ဓာတ်ဆီဆိုင်ဟောင်း ၂ ခုကို မီးရှို့ဖျက် ဆီး ခဲ့သလို မနေ့ မနက်ပိုင်းမှာတော့ ဒီပဲ ယင်းနယ်အရှေ့ခြမ်းမှာရှိတဲ့ အောင်ချမ်းသာ ကျေးရွာကို ၀င်ရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“မနေ့ မနက်ပဲ ရွာကို၀င်တာပါဗျ။ရွာခံပြည်သူတွေကတော့ ထွက်ပြေးနေရတာပေါ့၊ အခြေနေကတော့ ဘာမှမသိရသေးပါဘူး”လို့ ဒေသခံပြည်သူ့ကာ ကွယ် ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး၀င်ရောက်လာမှုကြောင့် ရေဦးနယ်အနောက်ခြမ်းကျေးရွာတွေနဲ့ ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်း ကျေးရွာတွေက ဒေသခံပြည်သူ ၅၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ယမန်နှစ် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article