24 C
Yangon

ရေဖြူရှိ မောရဝတီ ရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါဝင် ၅ ဦးသေဆုံး၊ မုံရွာတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရေဖြူရှိ မောရဝတီ ရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါဝင် ၅ ဦးသေဆုံး၊ မုံရွာတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာ၌ အခြေစိုက်ထားသော မောရဝတီ ရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Daw Na Column-P29902 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာ အခြေစိုက် မောရဝတီ ရေတပ်ဌာနချုပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဌာနချုပ်မှူး အိမ်နီးနှင့် ရေတပ်အတွင်းရှိ နေရာ တော်တော်များများကို ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရေတပ်ထဲက ဌာနချုပ် မှူး အိမ်အနီး ကို ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲတယ်။ ဌာနချုပ် မှူးက လည်း ဒီကိုပြောင်းလာတာမကြာသေးဘူး။ကျန်တဲ့ ဗုံးသီး တွေက ရေတပ်ထဲက နေရာတော်တော် များများ ကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ဌာနချုပ်အထဲကိုလာကျတာ အလုံးရေတော့များတယ်။ ဌာန ချုပ်တစ်ခုလုံးလည်း ဗြောင်းဆန်သွားတာပဲ့”ဟု ရေတပ်ဌာနတွင်းရှိ သတင်းရင်းမြစ်က ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ ၄ ၊ KBDF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မောရတီ ရေတပ်ဌာနချုပ်အတွင်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာ များအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာသို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီကား တစ်စီးကို ပစ်ခတ်ဖမ်းဆီးရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့နယ်၊ တောပုပျူရွာသို့ ရိက္ခာပို့ပြီး ပြန်ထွက်လာသော Light Truck ကားကို တားဆီးစစ်ဆေးရာ ၎င်းကားမှာ ရပ်တန့်ခြင်း မရှိပဲ မောင်းနှင်ပြေးသဖြင့် လိုက်လံပစ်ခတ်ရာ ကားမောင်းသမားဘေးရှိ ပျူစောထီး ၁ ဦးနှင့် ကား နောက်ခန်းရှိ ပျူစောထီးတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာ ခေါင်းထဲက ၂ ဦး၊ ကားနောက်ခန်းမှာက ၂ ဦး စုစုပေါင်း ၆ ဦးပါတာ၊ ပစ်ချင်တာက ကားမောင်းသမားကို ပစ်တာ၊ သူ့မှန်ရင် အကုန်ရပြီ၊ သူတို့ဘက်ကလည်း ပြန်ပစ်သေးတယ်၊ မုံရွာမြို့ ဘက်ကို မောင်းပြေးသွားပါတယ်၊ အခု တောပုရွာထဲကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ထုနေ တယ်၊ ၂ လုံးရှိပြီ” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Area 71 People Defense Force Monywa တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article