29 C
Yangon

ညောင်ရွှေမြို့နယ်တွင် လက်နက်ကိုင် ဆက်ကြေးကောက်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ညောင်ရွှေမြို့နယ်တွင် လက်နက်ကိုင် ဆက်ကြေးကောက်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လက်နက်ကိုင် ဆက်ကြေးကောက်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်း အနောက်ဘက် ကျေးရွာ၌ ဆက်ကြေးကောက်ပြီး ပြန်လာသည့် ပျူစောထီး ၂ ဦးကို မင်းချောင်းရွာ အဝင် လမ်းမကြီးပေါ်တွင် အမည်မသိ သေနတ်သမားများက ပစ်သတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးမှာ အသက် ၅၅ နှစ်အရွယ် အောင်စိုးလွင်နှင့် ကျော်ဟိန်းတို့ ဖြစ်ပြီး အကြမ်းဖကမ စစ်တပ်က ပေးအပ်ထားသည့် လက်နက်များ ကိုင်ဆောင်ထားကာ ကျေးရွာနေ ပြည်သူတွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ရမ်းကားနေသူများ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ သတင်းများ ပေးပို့ကာ အကြမ်းဖက် စစ်တပ်ကို ခေါ်ယူ၍ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး ၂ ဦး၏ ရုပ်အလောင်းကို ရဲနှင့် စစ်သားများက လာရောက် ယူဆောင်သွားပြီး ညောင်ရွှေမြို့နယ်ကို နာရေးကားဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article