ပခုက္ကူမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဆားတောင်မြို့ရှိ စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ တပ်မ ၁၀၁ နှင့်အနောက်ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ရော့ကတ်လက်နက်ကြီး အလုံးရေ ရာချီပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက် စီးမှုရှိကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်ကစတင်ပြီး တပ်မ ၁၀၁ အတွင်းနှင့် အနောက်ဘုန်း ကံကျေးရွာအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Rocket များ လက် နက်ကြီး အလုံးပေါင်း ရာချီ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို ထိရောက်စွာကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အအုံများထိခိုက်ပျက်စီးမှုရှိကာ စစ်ကောင်တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အလုံးရေက ရာကျော်တယ်၊ ရာချီပြီးပစ်ခဲ့တာ၊ ထိခိုက်ပျက်စီးမှုက များတယ်လို့ ပြောတယ်၊ သတင်း အတိအကျ မသိရသေး၊ ထိခိုက်ဒဏ်ရာရတာတွေများလည်း များတယ် ပြောတယ်၊ တပ်မ ၁၀၁ ထဲ လည်း အဆောက်အဦးတွေပျက်စီးတာတွေ၊ လက်နက်ကြီးတွေကျကွဲတာတွေရှိတယ်၊ စုံစမ်းလို့တော့ မရသေးဘူး၊ သူတို့ဘက် အနောက်ဘုန်းကံကနေ လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေရှိတယ်၊ ၁၀၁ ထဲ ကတော့ မပစ်ဘူး၊ ကျနော်တို့ပစ်ပြီးတော့ ညပိုင်း မှာ စစ်ကြောင်းထိုးတာတွေရှိတယ်၊ အဲဒီစစ် ကြောင်းကို လည်း ကျနော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတာတွေရှိတယ်၊” ဟု Young Force – UG တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူ-မြိုင် ကာကွယ်ရေးတပ်ဖွဲများနှင့် ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနောက်ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်မှု ရှိခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ပေါ် ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို YOUNG WOLF Local PDF အဖွဲ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် Fixwings Dorne ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။