34 C
Yangon

နမ့်ဆန်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်မှု​ကြောင့် ပြည်သူ ၇ ဦး သေဆုံး

Must read

နမ့်ဆန်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်မှု​ကြောင့် ပြည်သူ ၇ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထားသော နမ့်ဆန်မြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က နမ့်ဆန်မြို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မန်တုံမြို့နှင့် မိုင်းငေါ့မြို့ရှိ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ကလည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ် ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံ အရှေ့လမ်းမကြီးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မန်လုံးရွာသား ၁ ဦး၊ ဇယ်ဘန်ကောက်ရွာသားများဖြင့်သည့် အသက် ၁၈ နှစ်အရွယ် မောင်ဟန်ဦး၊ အသက် ၂၂ အရွယ် မောင်စိုင်စိုင်း နှင့် အသက် ၃၃ နှစ်အရွယ် မောင်သန်းမောင်တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သည့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပန်လောရွာ၊ ငွန့်ဆိုင်းရွာ၊ နမ့်မဝေါ ရပ်ကွက်၊ မန်းလုံးရွာနှင့် ဇယ်ဘန်ရွာတို့မှ ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article