26 C
Yangon

ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စစ်စခန်း တစ်ခုကို လက်နက်ကြီး အလုံး ၂၀၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

Must read

ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စစ်စခန်း တစ်ခုကို လက်နက်ကြီး အလုံး ၂၀၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

■ ခြေမြန်တပ်မ ဌာနချုပ်ရှိ ဆီလှောင်ကန်၊ ဝန်ထမ်း အဆောင်နှင့် စားဖိုဆောင်တို့ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စစ်စခန်း တစ်ခုကို လက်နက်ကြီး အလုံး ၂၀၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြော ကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်ကစတင်ကာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသောအားဖြင့် ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် အတွင်းနှင့် အနောက်ဘုန်းကံကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီး အလုံး ၂၀၀ ခန့်ဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တပ်မ ဌာနချုပ်အတွင်းရှိ ဆီလှောင်ကန် ၊ စားဖိုဆောင်နှင့် ဝန်ထမ်းအဆောင်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး အလုံး ၂၀၀ ကျော်ပစ်တာ၊ တပ်မ ၁၀၁ အတွင်းက ဆီလှောင်ကန် ၁ ကန်၊ စားဖို ဆောင် တစ်လုံး၊ ဝန်ထမ်းအဆောင် ၁ လုံးလည်း ပျက်စီးတယ်၊ သေတာကတော့ ၇ ကောင်နဲ့ ၃ ကောင် ပြင်းထန်ဒဏ်ရာရတာပါ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိပါတယ်၊ သေနတ်တွေလဲ ဘောက်လိုက်ဆွဲ တယ်” ဟု Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၆ ၊ PSGF ( ပခုက္ကူ ပကဖ) ၊ Young Force ၊ Earthquake ၊ King Fighter ၊ မြိုင် ပကဖ၊ မြိုင် Local အဖွဲ့များ၊ မြိုင်မြို့နယ် Rocket လက်နက်ကြီး အဖွဲ့များ( ဆင်ရိုင်း ရာဇာ၊ PRDF ၊ UAB ဖိုက်တာ၊ မြွေဆိုး ၊ Royal Defense Force၊ ဘာမထီ ၊ အမေ့ သား ၊ လင်းယုန်နက်၊ ဦးလေးကြီး၊ ထိရှ၊ PCM Force ၊ အညာမုန်တိုင်း ၊ အညာဒေါင်း ၊ Gen 21 ၊ နှလုံးလှ လူမိုက်၊ Black Cobra -1) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article