32 C
Yangon

ရမ်းဗြဲကျွန်းတွင် ပထမ ဆုံးအကြိမ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး ၊ ပေါက်တောမြို့တွင်း တိုက်ပွဲပြင်းထန်နေ

Must read

ရမ်းဗြဲကျွန်းတွင် ပထမ ဆုံးအကြိမ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး ၊ ပေါက်တောမြို့တွင်း တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပထမဆုံး အကြိမ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်း ရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၈ နာရီ ၁၃ မိနစ်ခန့်က ရမ်းဗြဲကျွန်း ပေါ်ရှိ ရမ်းဗြဲမြို့၏ တောင် ဘက် မီတာ ၂၀၀ ကျော်ခန့်အကွာအဝေးရှိ အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် စစ် ကောင်စီတပ်ဖွဲ့နှင့် ရခိုင့်တပ်တော် – AA တပ်ဖွဲ့တို့ ရုတ်တရက် ရင်ဆိုင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သင်္ဘော၊ ဒရုန်းများဖြင့်လည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ၊ စစ်ရ ဟတ်ယာဉ် ၂ စီးဖြင့် ရမ်းဗြဲမြို့နှင့်အနီးအနား ကျေးရွာကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြိုပေါ်ရပ်ကွက်တွင်းမှ နေအိမ်အချိုနှင့် ဆီ ဆိုင်တန်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထိုအပြင် စစ်ကောင် စီ၏ ကြည်း၊ ရေ၊ လေဖြင့် လာ ရောက် ပစ်ခတ်မှုအတွင်း လောင်းချောင်းရပ်ကွက်မှ ‌သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးပြီး အရွယ် မ ရောက် သေးသော မိန်းကလေး ၂ ဦး အပါအဝင် ညောင်ပင်လှကျေးရွာမှ အမျိုးသား ၁ ဦး တို့ ဒဏ် ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇ နာရီ ၃၈ နှစ်မိနစ်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြိုအခြေစိုက် “ခမရ ၅၄၀ တပ်ရင်း” မှ အရပ်သားပြည်သူများနေထိုင်ရာ မြောက်ဦးမြို၊ အလယ် ဈေးရပ်ကွက်အတွင်းရှိ ရွှေတောင်ဘုရားကြီးအောက်သို ၁၂၀ မမ လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ် ခြောက်လှန့်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၈ ရက် ည ၇ နာရီဝန်းကျင်ခန့်တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်း၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲဝင်များအကြား တိုက် ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article