Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ချင်းပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်က အကြမ်းဖက်စစ်တပ်ရဲ့ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်သား ၆ ဦးသေကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးကို အရှင် ဖမ်းမိထားတယ်လို့ Chinland Defense Force-Hakha ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင်က ပြောပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နဲ့ အနောက်ဘုန်းကံရွာက စစ်စခန်းတစ်ခုကို လက်နက်ကြီးအလုံး ၂၀၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၁၀ ဦးသေသွားတယ်လို့ ပခုက္ကူ People Defense Force – PPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ နမ့်ဆန်မြို့တို့မှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်မှုတို့ကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးနေသလို ကွတ်ခိုင်နဲ့ နမ့်ခမ်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။