ထိုင်း – မြန်မာ နယ်စစ်အနီး မူးယစ်ဆေးမှောင်ခိုသမားတွေ နဲ့ ထိုင်းစစ်တပ်အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး မှောင်ခိုသမား ၁၅ ဦးသေဆုံး
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉
ထိုင်း – မြန်မာ နယ်စစ်အနီးရှိတဲ့ ချင်းရိုင် ခရိုင်၊ မယ့်ဖာလုံမြို့နယ်ထဲမှာ မူးယစ်ဆေးမှောင်ခိုသမားတွေ နဲ့ ထိုင်းစစ်တပ် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူး ယစ် ဆေးဝါးမှောင်ခို ကုန်ကူးသူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူတွေကပြောပါတယ်။
ထိုင်းစစ်တပ်က မူးယစ်ဆေးဝါး ဆယ်ဆောင်လာတဲ့ သံသယရှိသူ ၁၅ ဦး ကိုပစ်ခတ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက မနေ့က ထုတ်ပြန်ပါတယ်။
ထိုင်းစစ်တပ်က လူမှောင်ခို ပို့ဆောင်တဲ့ သူတွေ ချင်းရိုင် ခရိုင်၊ မယ့်ဖာလုံမြို့ နယ် ထဲဝင်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိတာကြောင့် စစ်ဆေး ရှာဖွေရာမှာ မူးယစ်ဆေးဝါး ဆယ်ဆောင်လာတဲ့ သံသယရှိသူ ၂၀ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်လာတဲ့ အဖွဲ့ ဟာထိုင်း စစ်တပ်ရဲ့ စစ်ဆေးမှုကို လက်မခံ ပဲ စတင်ပစ်ခတ်ခဲ့ကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုသမား ၁၅ ဦးသေဆုံးသွားခဲ့တယ်လို့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ကအရာရှိ Phanurat Lukboon ကပြောပါတယ်။
“ အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက်ထိ ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းစစ်တပ်က အရာရှိတွေ နဲ့ စစ်သည်တွေ အားလုံး ဘေးကင်းပါတယ်” လို့ Phanurat Lukboon ဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာ ဓာတ်မြေဩဇာ ထည့်တဲ့ အိတ်တွေ နဲ့ ပြုလုပ်ထားတဲ့ ကျောပိုးအိတ် ၁၇ လုံးကို တွေ့ရှိပြီး အထဲ မှာ Tablet ဆိုဒ် မက်သာဖက်တမင် မူးယစ်ဆေးဝါး အလုံးရေ နှစ်သန်းကျော်ဆယ်ဆောင်လာတာ ဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီဖြစ်စဉ် မှာ ဖမ်းဆီးရမိသူတစ်ဦးမှ မရှိဘဲ လူ၁၅ ဦးသာသေဆုံးခဲ့ခြင်းဖြစ် ကြောင်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကိုတော့ ထိုင်း စစ်တပ်အရာရှိတွေ က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ သူတို့ရဲ့ ဇစ်မြစ်ကို စုံစမ်းဦးမယ်လို့ သာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက တောင်ဘက်ပိုင်း နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ကန်ချနပူရီ မှာ လည်း စိတ်ကြွဆေးပြား သန်း ၅၀ သိမ်းဆည်းရမိကြောင်း ထိုင်းအစိုးရက ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်ထားပါတယ်။
ကိုးကား – AP