ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာ အထက်ပိုင်း တောင်ပေါ်ရှိ စစ်တပ် ပွိုင့်ကုန်းစခန်းကို တိုက်ခိုက် သိမ်းပိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆောင်းနန်းခဲကျေးရွာ အထက်ပိုင်းရှိ စစ်ကောင်စီ တောင် ပေါ် ပွိုင့်ကုန်းစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ မဟာမိတ်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ ၅၂ မိနစ်တွင် ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အထက်ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပေါ် ပွိုင့်ကုန်း စခန်း ကို မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေး မဟာမိတ် တော်လှန်ရေးအင်အားစားများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက် နက်ကြီးဖြင့် ၉၂ ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်နေသည့် ကြားမှ ညနေ ၃ နာရီ ၂၅ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ၁၁၁၁ မိုးဗြဲ-ဖယ်ခုံဇုန် အတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ် ဒေသ (ခွဲ) ဗျူဟာ ၁ ၏ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁)၏ B-03၊ B-11နှင့် B-22၊ မြို့ပြတော်လှန်ရေး တပ်ဦး (Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)၏ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်း တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုးဗြဲ ၁၁၁၁ (MB1111) စစ်ဆင်ရေး ကို မိုးဗြဲ-ဖယ်ခုံဇုန်မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများ စုစည်းကာ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက စတင်ခဲ့ပြီး မိုးဗြဲ-ဖယ်ခုံဒေသများ အတွင်းရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများကို ထိုးစစ် ဆင်တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်း များကို ထိုးစစ်ဆင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာ မိတ်အင်အားစုများ က အသိပေးထားသည်။