27 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ရေတာရှည်ရှိ စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ရေတာရှည်ရှိ စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဇီးတော ပျူစောထီးရွာမှ အင်အား ၈၀ ခန့်ဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်၊ လင်းကတော ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာစဥ် ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် ပူတွင်းရွာ အရှေ့မြောက်ဘက်ရှိ ယူကလစ်ကုန်း အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာထိပ် ရှိ စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာထိပ် ရှိ စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၂ လုံး ပစ်ခ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်တပ်က ခင်တန်းလေးကျေးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ၎င်းတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနှင့် ကီးကူ‌စစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကာ တော်လှန်ရေး အင်အားစုများဘက်မှ အထိခိုက် တစုံတရာ မရှိပဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်နေသည့် တော်လှန်ရေး ရဲဘော် ၁ ဦး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article