26 C
Yangon

ထားဝယ်မြစ်အတွင်း စစ်သား ၃၀ ကျော် လိုက်ပါလာသော စက်လှေ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်မှု စက်လှေ နစ်မြုပ်ပြီး စစ်သား အားလုံးသေဆုံး

Must read

ထားဝယ်မြစ်အတွင်း စစ်သား ၃၀ ကျော် လိုက်ပါလာသော စက်လှေ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်မှု စက်လှေ နစ်မြုပ်ပြီး စစ်သား အားလုံးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြစ်အတွင်း စစ်သား ၃၀ ကျော် လိုက်ပါလာသော စက်လှေ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်ရာ စက်လှေ နစ်မြုပ်ပြီး စစ်သား အားလုံး သေဆုံးခဲ့ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ထားဝယ်မြို့ဘက်မှ ကျောက်နီကျေးရွာဘက်ကို ထားဝယ်မြစ်ကြောင်းအတိုင်း ဆင်းလာသည့် အကြမ်းဖက် စစ်သား ၃၀ ကျော်လိုက်ပါလာသည့် စက်လှေ ၁ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ စက်လှေ နစ်မြုပ်သွားပြီး စက်လှေပေါ်ပါလာသော စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

“စက်လှေက မြုပ်သွားတယ်။ ခွေးတွေဆီက ပစ္စည်းတော့ ဘာမှ မရလိုက်ဘူး။ လုပ်တာတော့ လုပ် တယ်။ ခွေးတွေတော့ သေသွားတာပေါ့။ ရန်သူ့လက်နက်ကိုယ့်လက်နက်မဖြစ်လိုက်ဘူးပေါ့။ နောက် ကလိုက်လာတဲ့ စက်လှေနဲ့ အလောင်းရသလောက်ကို ဆယ်သွားတယ်။ တခြားဆီ မျောသွားတဲ့ အလောင်းတွေလည်း တွေ့ရတယ်။ စက်လှေပေါ်ပါလာတာတော့ အကုန်သေတယ်” ဟု ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို နွေဦးပြောက်ကျား တပ်ဖွဲ့၊ ဝံပုလွေတပ်စု၊ အထူးပြောက်ကျား၊ DDPDF တပ်ခွဲ ၁ ၊ D.D.F နှင့် DNLA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် ရေကြောင်းအသုံးပြု တပ်ရွှေ့နေသည့် အကြမ်းဖက် စစ်သားများ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article