24 C
Yangon

ချောင်းဦးမြို့ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

Must read

ချောင်းဦးမြို့ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ချောင်းမြို့မရဲစခန်းနှင့် ထွေထွေအုပ်ချုပ်ရေးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ မှ ညနေ ၃ နာရီအထိ ချောင်းဦးမြို့ပေါ်ရှိ မြို့မရဲ စခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကာ ကျေးရွာများ အတွင်း လှည့်ပတ်ပစ်ခတ်နေသော ၈၀ မမ လက်နက်ကြီး တစ်လက်ပါ ပျက်စီးသွားကြောင်း သိရ သည်။

ထို့ပြင် ချောင်းဦးမြို့နယ်အတွင်း ၉ ရက်ကြာ စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်ပစ္စည်းများကို နွားလှည်းများဖြင့် ခိုးယူသယ်ဆောင်နေသော စစ်ကြောင်းကို ဗုံးချ တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ဓားစာခံ ပြည်သူများ ပါရှိနေသဖြင့် စစ်ကြောင်းကို တိုက်ရိုက် တိုက်ခိုက်မှုမပြုလုပ်ခဲ့ပဲ ယင်းစစ် ကြောင်းကို လက်နက်ကြီးပစ်ကူပေးနေသည့် ချောင်းဦးရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM 001 Drone Team ၊ TGR Drone အဖွဲ့ မြင်းမူ၊ Farmer FRF ချောင်းဦး ၊ မြောင်မြို့နယ် ပလဖ နှင့် Myaung Revolution Force – MRF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article