24 C
Yangon

ဟားခါးမြို့နယ်၊ ဘုံဇုံစခန်း သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁၇ ဦး လိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်မှု ၂ ဦးသေဆုံး

Must read

ဟားခါးမြို့နယ်၊ ဘုံဇုံစခန်း သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁၇ ဦး လိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဇုံစခန်း သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁၇ ဦး လိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်ရာ ၂ ဦးသေဆုံးခဲ့​ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဟားခါးမြို့နယ်၊ ဘုံဇုံစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်၍ စခန်းကို သိမ်းပိုက်လိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဟားခါးမြို့နယ်မှ ပြည်သူ တစ်ဦး၏ ခြောက်ဘီးကား(ခဲဖြူ)ဖြင့် ဂန့်ဂေါမြို့ဘက်ကို မောင်းပြေးလာသည်ဟု သတင်းရရှိသောကြောင့် ဂန့်ဂေါ-ဟားခါး လမ်းပိုင်း တစ်နေရာတွင် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖရဲဘော်များက စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ပကဖ ရဲဘော်တွေက သတင်း ကြိုရလို့ စောင့်ကြို တိုက်ခိုက်ခဲ့တယ်။ ၂ ကောင်သေပြီး ၅ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ ကျန်တဲ့ကောင်တွေက ကားနဲ့ထွက်ပြေးလွတ်မြောက်သွားပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article