28 C
Yangon

ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ရွှေဘိုတွင် ပြည်သူ့ပိုင် စပါးခင်းများကို လုယက် ရိတ်သိမ်းနေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

Must read

ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ရွှေဘိုတွင် ပြည်သူ့ပိုင် စပါးခင်းများကို လုယက် ရိတ်သိမ်းနေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ဂါဝီပန်းခြံအနီးတွင် ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်က အကြမ်းဖက်စစ်သား ၂၀ ခန့်ဖြင့် ရေဦး မြို့၊ ဂါဝီပန်းခြံအနီး ဂိတ်ဖွင့် ပြည်သူများအပေါ် ဆက်ကြေးကောက်ရမ်းကားနေသော အကြမ်းဖက် စစ်သားများကို Fix Wings ဒရုန်းလေယာဉ်ငယ်များဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“သေဆုံးထိခိုက်မှုကတော့ မသိရသေးဘူးဗျ၊ ဒီအတိုင်းပဲ သတင်းရလို့ ပျောက်ကြားတိုက်ခိုက်တဲ့ သဘောပါပဲ၊ သူတို့က အဲဒီနေရာမှာ ပုံမှန်တပ်စွဲနေတာ၊ အင်အား ၂၀ ဝန်းကျင်တော့ရှိတယ်၊ ကျနော် တို့ဒရုန်းတင်တဲ့ နေရာကို ခန်းမှန်းပြီး ၆၀ မမ ပြောင်းတွေထမ်းပြီး ၁၀ ယောက်ကျော်ကျော် လောက် ထွက်လာသေးတယ်၊ ပစ်တော့မပစ်ဘူး၊ ပြီးတော့ ပြန်ဝင်သွားတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း YE-U People’s Defence Force တပ်ဖွဲ့ဝင် ရဲဘော်များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့စပါးများကို ခိုးယူရိတ်သိမ်းရန် ထွက်လာသော ပျူစောထီး များကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Shwebo Crocodile တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်က ရွှေဘိုမြို့နယ်အနောက်ဘက် မြင်းချင်း ရွာမှ ပျူစောထီးများသည် ပြည်သူပိုင်လယ်ယာများအတွင်းမှ စပါးများကို ခိုးယူရိတ်သိမ်းရန် ထွက် လာကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသင့်ကြိုတင်စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပြီး ပျူစောထီးများ ကျေးရွာအတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile ၊ တန၊၂ တပ်ပေါင်းစု၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ) နှင့် ရွှေဘိုမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ရေးအရှိန်မြှင်တင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင် ပြည်သူအများမှ ပါဝင် ကူညီထောက်ပံ့ပေးကြပါရန် Shwebo Crocodile တပ်ဖွဲ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article