Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်အာဏာရှင် ပြုတ်ကျရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ လက်တွဲညီညီ အလုပ် လုပ် လိုတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကနေ သဝဏ်လွှာပေးပို့ လိုက်ပါတယ်။
– မန္တလေးမြို့ ၊ နန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ မနက်ပိုင်းမှာပဲ တော်လှန်ရေး တပ်ပေါင်းစုတွေကနေ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ပေါက်ကွဲသံတွေကိုလည်း မန္တလေးမြို့ခံအားလုံး ကြားလိုက်ရတယ်လို့ မန္တလေးမြို့နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာကိုရောက်လာတဲ့ အကြမ်းဖက်စစ် ကောင်စီ တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးထက် မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။