22.9 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း

Freedom Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ ရွာသစ်(ငြိမ်းချမ်း)ရွာမှ ချောင်းတောက်လျှောက် ဝဘာရွာဘက်ကို ကူးလာချိန်၌ Freedom Revolution Force (FRF) အဖွဲ့မှ ၄၀ မမ ၃ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်တာ စစ်ခွေး ၃ ကောင်သေတာ အတည်ပြုလို့ရတယ်” ဟု Freedom Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ Freedom Revolution Force အဖွဲ့အနေဖြင့် စစ်တပ် စစ်ကြောင်းများ၊ စစ်တပ်အထိုင်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်နေ၍ ပြည်သူများ ဝိုင်းဝန်း ကူညီပေးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article