22.9 C
Yangon

စစ်ကောင်စီတပ်က မုန်းမြို့ရှိ ဈေးဆိုင်တန်းကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို မောင်းထုတ်၊ မီးမရှို့မီ ပစ္စည်းများ ဖောက်ထွင်းယူခဲ့ပြီး စစ်တပ်က ပြန်ရောင်းချ

Must read

စစ်ကောင်စီတပ်က မုန်းမြို့ရှိ ဈေးဆိုင်တန်းကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို မောင်းထုတ်၊ မီးမရှို့မီ ပစ္စည်းများ ဖောက်ထွင်းယူခဲ့ပြီး စစ်တပ်က ပြန်ရောင်းချ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဈေးဆိုင်တန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို မောင်းထုတ်ခဲ့ကာ မီးမရှို့မီ စျေးဆိုင်များမှ ပစ္စည်း များ ဖောက်ထွင်းယူ ပြန်ရောင်းချမှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုက တရားဝင် သတင်းထုတ် ပြန်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် မုန်းမြိုု့တွင် အာဏာသိမ်း အ ကြမ်း ဖက် စစ်ကောင်စီတပ်က ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ အဆိုပါဈေးဆိုင်တန်း များကို မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ ၅ ရက်ခန့်အလို စစ်ားများက ထိုဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းကာ ဈေးပေါပေါဖြင့် လိုက်လံ ရောင်းချ ခဲ့ကြောင်း သိရှိရသည်။

“ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို တစ်ရာ အင်္ကျီတစ်ထည် (သို့ မဟုတ်) ဘောင်းဘီ တစ်ထည်ကို တစ်သောင်း တည်းနဲ့ လိုက်ရောင်းနေတယ်” ဟု မုန်းမြို့ပေါ်သို့ ဈေးသွားဝယ်သော ဒေသခံ တစ်ဦး၏ ပြောကြားချက်အရသိရကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ပြီး ပစ္စည်းများကို မုန်းချောင်းထဲပစ်ချခဲ့ကြောင်း၊ မုန်းမြို့ထဲရှိ ဒေသခံများကိုလည်း အတင်း အဓမ္မ မောင်းထုတ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article