24 C
Yangon

KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ၃ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

Must read

KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ၃ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၃ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီကျော်အထိ အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာကို ၂ လုံး၊ အလယ်ကျေးရွာကို ၅ လုံး၊ ငဖယ်အင်းကျေးရွာကို ၃ လုံး၊ သူဌေးကုန်းကျေးရွာကို ၈၁ မမလက်နက်ကြီး ၁၀ လုံး၊ ၁၅၅ မမ လက်နက်ကြီးများဖြင့် လှေတန်းကျွန်းကြီးကျေးရွာကို ၄ လုံး၊ ကညင်ကျိုးကျေးရွာကို ၂ လုံး၊ ရေတွင်းကုန်း ကျေးရွာကို ၂ လုံး လက်နက်ကြီး ၂၈ လုံးခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး နတ်တလင်းကျေးရွာမှ မြို့ပေါ်ကို ဈေးဝယ်ရန်သွားသည့် မောင်ယဉ်ထွေး၊ မောင်စိုးမင်းသူ၊ မောင်လင်းလင်းထွန်းနှင့် ဒဝယ်ပေါက် တို့ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ မောင်ယဉ်ထွေးနှင့် ဒဝယ်ပေါက် ၂ ဦးကိုသာ ပြန်လွတ်ပေးပြီး ကျန် ၂ ဦးကို လက်ရှိချိန်ထိ ဖမ်းဆီး ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဘာဘူကုန်းကျေးရွာမှနေ၍ သူဌေးကုန်းကျေးရွာ အတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သူဌေးကုန်းကျေးရွာရှိ ဒေါ်ညို၏ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၆၇ နှစ်အရွယ် ဒေါ်ညို ပွဲချင်းပြီးသေဆုံးခဲ့ပြီး သမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် မအိသည် ကျောက်တံခါးဆေးရုံတွင် ထပ်မံသေဆုံးခဲ့​ကာ မြေးဖြစ်သူ အသက် ၄ နှစ်အရွယ် မပုံပုံ လက်နက်ကြီး ကျည်စထိမှန်၍ ကျောက်တံခါး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article