25 C
Yangon

ထီးချိုင့်မြို့နယ်တွင် ကျေးရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ထီးချိုင့်မြို့နယ်တွင် ကျေးရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း​ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၄၉ မိနစ်ခန့်တွင် မြစ်ကြီးနားမှ ဆင်းလာသည့် ဂျက်ဖိုက်တာ ၁ စီးသည် ထီးချိုင့်မြို့နယ်၊ ဇီးကုန်းရွာ အနီး ၂ ကြိမ် နှင့် နတ်အင်းရွာ စာသင်ကျောင်း အနီး ၁ ကြိမ် ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကြောင်း သိရသည်။

” ဘာတိုက်ပွဲမှ ရှိမနေပါဘူး။ စစ်ခွေးတွေ ဗုံးကျဲတာ နတ်အင်း စာသင်ကျောင်းမှာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်” ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုနေသည့် SU-30 တိုက်လေယာဉ် ပျံသန်းမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article