Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ရာပြည့် နဲ့ ပတ်သက်တဲ့သူတွေ ၊ စစ်အရာရှိ ဟောင်း မိုးကျရွှေကိုယ်တွေ အပါအဝင် ဒုညွှန်မှူး ၇ ဦးကို ထွေ/အုပ် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးလိုက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ၃၈ ဦးကို အပြောင်းအရွှေ့တွေလုပ်နေတယ်လို့နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုံတွေက စက်ရုံတွေအနေနဲ့ ပြင်ပကနေ စက်သုံးဆီတွေ မဝယ်ဖို့ ၊ ဆီကို တစ်ပတ်စာထက် ပိုပြီး မစုဆောင်းဖို့တွေကို စစ်ကောင်စီက ညွှန်ကြားလိုက်ပြီး ညွှန်ကြားချက် မလိုက်နာရင် အရေးယူမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်ထားတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
– ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၈၃ တပ်ရင်းက ဒုတပ်ကြပ် ရဲကိုကို ဆိုသူဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် ဆုငွေကျပ် သိန်း ၁၅၀ ဆုချီးမြှင့်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။