24 C
Yangon

ရန်ကုန်၊ မန္တလေးနှင့် ဘီးလင်းတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မန္တလေးနှင့် ဘီးလင်းတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်၊ ဘီးလင်းတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် မိုင်းပေါက်ကွဲမှုများဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ် (တောင်ပိုင်း) မြိုနယ်၊ အမှတ် ၅၇ ရပ်ကွက်ရှိ ကွမ်းယာဆိုင်ဘေးတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်အချိန် မန္တလေးတိုင်း၊ မဟာအောင်မြေမြိုနယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ၈၀ လမ်းနှင့် ၃၆ လမ်းထောင့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးမှာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လောင်းကစား၀ိုင်းများနှင့် အာဝါဒေး ပွဲများ ပါဝင်သော ကိုးနဝင်း စေတီ ဘုရားပွဲပြုလုပ်နေစဉ် ဗုံးပေါက်ကွဲပြီး လူ ၁ ဦး သေဆုံးကြောင်း၊ အခြား လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အဆိုပါ လောင်းကစားပွဲတော်မှာ ဘုရားပွဲ အမည်ခံထားခြင်းဖြစ်ပြီး ပျူစောထီးများနှင့်BGF ၊ စစ်တပ်တို့က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘီးလင်း၊ ကော့ကမယ်မှာ အာဝါဒေး Dj moon တို့ ပွဲတွေ လုပ်နေကြတာ။ အဓိက ဘုရားပွဲကတော့ အမည်ခံတာပေါ့။ လောင်းကစားဝိုင်းတွေနဲ့ အာဝါဒေးတွေက အဓိက ။ အဲဒါ ဗုံးပေါက်တယ်။ လောင်းကစားပွဲက စစ်တပ်နဲ့ အုပ်ကြီးတွေ လုပ်ကြတာ။ ၁ ဦးသေဆုံးပါတယ်။ ၄ ဦးဒဏ်ရာရရှိပါတယ်။ ဘယ်အဖွဲ့က လုပ်တာလဲမသိရသေးဘူး။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ လောင်းကစားပွဲအတွက် ဆိုင်ကယ်အပ်နှံ၊ လက်ခံရေး လုပ်ဆောင်နေသူ တစ်ဦးဖြစ်ကြောင်း ၊ ကျန် ၄ ဦးမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article