28 C
Yangon

နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာစစ်တပ် အထိနာဆုံးအချိန် ရောက်နေပြီဖြစ်သော်လည်း လူထု၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ယခုထက် အဆများစွာကြိုးစားအားထုတ်ရန်လိုအပ်ဟု ညီနောင် ၃ ဖွဲ့ တိုက်တွန်း

Must read

နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာစစ်တပ် အထိနာဆုံးအချိန် ရောက်နေပြီဖြစ်သော်လည်း လူထု၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ယခုထက် အဆများစွာကြိုးစားအားထုတ်ရန်လိုအပ်ဟု ညီနောင် ၃ ဖွဲ့ တိုက်တွန်း

■ အဖွဲ့ အချင်းချင်းအကြား စည်းလုံးညီညွတ်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ လေး စားတန်ဖိုးထားမှု ယခုထက် ပိုမိုအားကောင်းရန် လိုအပ်နေဟု ညီနောင် ၃ ဖွဲ့က ထောက်ပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း စစ်တပ် အထိနာဆုံးအချိန် ရောက်ရှိနေပြီဖြစ်သော်လည်း လူထု မျှော်လင့်နေသော ရည်မှန်းချက်၊ မျှော် မှန်း ချက်ကို အပြည့်အဝရရှိရန် ယခုထက် အဆများစွာကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်တိုက်တွန်းသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၅၆ ရက်မြောက်နေ့အထိ ရောက်ရှိလာခဲ့ပြီးဖြစ်ကာ ၁၀၂၇ စစ် ဆင်ရေးမှသည် တစ်နိုင်ငံလုံး ဟန်ချက်ညီစစ်ဆင်ရေးအဖြစ်သို့ ကူးပြောင်းလာပုံမှာ စစ်ကောင်စီကို တစ်စက်လေးမှ အလိုမရှိတော့သည့် မြန်မာပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေး ဘက်တော်သားများအတွက် အားရကျေနပ်စရာ မြင်ကွင်းများပင်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့စစ်တပ်၏ အထိအနာဆုံးအချိန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း စစ်ဘေးရှောင်ဒုက္ခသည် အများဆုံးကာလလည်း ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ညီနောင် (၃) ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနယ်မြေများ၌အပြင် တစ်နိုင်ငံလုံးအနှံ့ရှိကြသော တော်လှန်ရေးအဖွဲ့များမှလည်း စစ်ကောင်စီအား နည်းလမ်းမျိုးစုံ၊ ဒေါင့်ပေါင်းစုံမှ ခပ်စိပ်စိပ် တော်လှန်တိုက်ခိုက်လာခဲ့ကြပြီး ထိုက်သင့်သောအောင်ပွဲများကို နေ့တိုင်း ထင်ရှားစွာတွေ့မြင်နေရကြောင်း၊ သို့သော်လည်း မြန်မာ ပြည် သူလူထုတစ်ရပ်လုံး မျှော်လင့်နေသော ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အပြည့် အဝ ရရှိရန်အတွက်မူ ယခုထက် အဆများစွာကြိုးစားအားထုတ်ရန်လိုအပ်နေသေးပြီး” တော်လှန်ရေးသက်လုံနှင့် ဘုံရန်သူအား တိုက်ထုတ်နေကြသော အဖွဲ့အစည်းအချင်းချင်းအကြားမှ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှု” တို့သည် ယခုထက်ပိုမိုအား ကောင်းရန် လိုအပ်နေသေးသည်ကို အပြုသဘောဖြင့်ထောက်ပြထား သည်။

လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့က ယခင်ရက်များနည်းတူ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်ကလည်း ယခင်ရက်များနည်းတူ မြို့ရွာများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာအချို့အား မီးရှို့ဖျက်ဆီးခြင်းတို့ကို ထပ်မံပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်က အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ကြောင်း ထောက်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article