29 C
Yangon

ပခုက္ကူ၊ တောင်ငူနှင့် မင်းတုန်း မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ပခုက္ကူ၊ တောင်ငူနှင့် မင်းတုန်း မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တွင်းမပျူစောထီးရွာမှ ထွက်လာသည့် အင်အား ၈၀ ကျော်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ​်ကြောင်းသည် ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါ ဗုံးသီး ၁၈ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယင်းခြေလျင် စစ်ကြောင်းကို နံနက် ၈ နာရီ မှ ညနေ ၅ နာရီ ကျော်အထိ တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ ထိခိုက် ဒဏ်ရာရရှိမှု များနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ DMG ဓါးမင်းကြီးအဖွဲ့ ၊ Black Cobra နှင့် Pku Thurain အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်အား ၁၃၀ ဝန်းကျင်ဖြင့် ကညင်မြောင်ကျေးရွာအုပ်စု သရက်ပင် ကုန်းကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၅၀၁ ၊ တပ်ခွဲ ၁ ရဲဘော်များမှ ပြောက်ကျား စနစ်ဖြင့်လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်နည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁၈ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းတစ်ခု ပဲခူးရိုးမထဲ ဆက်ထိုးနေတာမို့ တပ်ခွဲမှူးဦးဆောင်တဲ့ အဖွဲ့ငယ်တစ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ လိုက်လံ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ် သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိတယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်း ဗုံးသီး၊ လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပေမယ့် ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး၊ လက်ရှိတော့ ပြန်ဆုတ်သွားပြီ” ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုဝအုပ်စု၊ ကာမနိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၅၁ မိနစ်က မင်းတုန်းမြို့နယ်၊ ၅ မိုင်ဂိတ်မှ ကြို၀အုပ်စု ကာမနိုင် ရွာအနီးသို အင်အား ၃၀ ခန့်ပါ Faw ကား ၂ စီးဖြင့် တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင် ၆ မျက်မြင်သေဆုံးကာ၊ အရာရှိ ၁ ဦးအပါအဝင် ၂၀ ဦးခန့် အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article