27 C
Yangon

ပခုက္ကူ အခြေစိုက် Young Force – UG တပ်ဖွဲ့၏ အသုံးစရိတ် ရန်ပုံငွေ ပြတ်လပ်သည့်အတွက် ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံ

Must read

ပခုက္ကူ အခြေစိုက် Young Force – UG တပ်ဖွဲ့၏ အသုံးစရိတ် ရန်ပုံငွေ ပြတ်လပ်သည့်အတွက် ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် Young Force – UG တပ်ဖွဲ့တွင် တပ်တွင်းအသုံးစရိတ် ပြတ် လပ်သည်အထိ ရန်ပုံငွေ အခက်အခဲဖြစ်ပေါ်နေသဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့်မေတ္တာရပ်ခံပြောကြားသည်။

ပြည်တွင်း ပြည်ပ အလှူရှင်များထံမှ ရန်ပုံငွေ‌ ထောက်ပံ့မှု မရရှိသည်မှာ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ် ကြောင်း၊ တပ်ရင်းတွင် လက်နက်အင်အား၊ လူအင်အား အပြည့်အစုံရှိနေပြီး စစ်ရေးဆင်ဖော်ဆောင် ပြီးနောက် ပြန်လည်ဖြည့်တင်းရမည့်ခဲယမ်း၊ စစ်ဆင်ရေးထွက်ရာတွင် အသုံးပြုရသည့် ကားဆီဖိုး၊ စားနပ်ရိက္ခာအတွက် ဆန် လိုအပ်လျက်ရှိကြောင်း သိရသည်။

“အဓိကလိုနေတာကတော့ ဆန်ရယ်၊ ဆန်က အရင်လိုလမ်းကြောင်းမပွင့်တော့ ဝယ်စားနေရတာ၊ အရင်ကတော့ ထောက်ပံ့ပေးတဲ့သူတွေဆီက သယ်ယူလို့ရတယ်၊ အခုက သယ်လို့မရတော့ဘူး၊ စားဖို့ အတွက် ဟင်းသီးဟင်းရွက်ကတော့ ကိုယ်တိုင် စိုက်ပျိုးထားလို့ အဆင်ပြေတယ်၊ စစ်ဆင်ရေးထွက်ဖို့ ကား၊ ဆိုင်ကယ်ဆီဖိုးတွေလိုအပ်နေတယ်၊ အထွေအထွေအသုံးစရိတ်ပေါ့၊ ပြီးတော့ တိုက်ပွဲဖော် ဆောင်ပြီးတော့ ပြန်ဝယ်ရတဲ့ ကျည်ဆံ၊ ခဲယမ်းဖိုးတွေ မလုံမလောက်ဖြစ်နေတာ၊ အလှူငွေစီးမှုမရှိ တော့” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလှူငွေထောက်ပံ့ကူညီပေးမည့်မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100092699054696

Page Messenger ကတဆင့် သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – တပ်ရင်းရိက္ခာဖြည့်တင်းနိုင်ရန် ကိုယ်တိုင်စိုက်ပျိုးနေသော တပ်ရင်း ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article