Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်တွေ အနေနဲ့ “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့ လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါလို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက သတိပေးလိုက်ပါတယ်။
-မူဆယ်မြို့ပေါ် နဲ့ ကျေးရွာတွေမှာ စစ်တပ်က ဝင်ရောက်တပ်စွဲတာတွေ ရှိလာပြီး တိုက်ပွဲတွေ ပြင်းထန် လာမှာကို စိုးရိမ်မှုကြောင့် ပြည်သူတွေ ပြောင်းရွှေနေကြပြီဖြစ်တဲ့အပြင် ၊ တရုတ်ပြည်ကို ဝင်ခွင့်ရဖို့ ပြည်သူတွေ ကြိတ်ကြိတ်တိုး လုယက် တန်းစီနေကြတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေး တပ်ပေါင်းစုတွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်မှ ၆ ဦးသေသွားတဲ့အပြင် ၊ ဂိတ်စခန်းတွေ ကိုပါ မီးရှို့းရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။