27 C
Yangon

မတ္တရာတွင် ကျေးရွာများကို လှည့်ပတ်မီးရှို့ပြီး ပြန်လာသော စစ်တပ်သံခွန်မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်မှု ရေကြောင်း ရဲမှူး သူရအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

Must read

မတ္တရာတွင် ကျေးရွာများကို လှည့်ပတ်မီးရှို့ပြီး ပြန်လာသော စစ်တပ်သံခွန်မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်မှု ရေကြောင်း ရဲမှူး သူရအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိကျေးရွာများကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ သံခွန်မော်တော်ရေယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး သူရအောင်အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း Generation Z Power – GZP (Mandalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က မန္တရာမြို့နယ်၊ ဒေါင်းကျွန်းကျေးရွာနှင့် မတ္တရာ မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို မီးရှို့ပြီး သံခွန်မော်တော်ရေယာဉ်ဖြင့် ပြန်လည် ဆုတ်ခွာ လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ကို မွန်းလွဲ ၁ နာရိ ၁၅ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်လက်အောက်ခံ မန္တလေးရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး သူရအောင်အပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၈ ဦးကျော်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Generation Z Power-GZP (Mandalay) ၊ ပုသိမ်ကြီးပကဖ၊ မတ္တရာ ပကဖ၊ မန္တလေးခရိုင်တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ နှင့် BRA တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article