Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ မြို့တွင်းအထိပါ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က စစ်အင်အားတိုးမြှင့်ကာ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေ အရှိန်တိုးမြှင့်လုပ်ဆောင်လာတယ်လို့ ဒေသပြည်သူတွေနဲ့ တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ရှိ ခလရ-၁၃၀ တပ်စခန်း မကျဆုံးရေး စစ်တပ်က လေကြောင်း ကနေ ဗုံးသီးအလုံး ၂၀၀ ကျော် ကျဲချကာ အပြင်းအထန်ခုခံတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနကနေ သိရပါတယ်။
-မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာတွေကို မီးရှို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံခွန်မော်တော်ရေယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး သူရအောင်အပါအဝင် ၁၆ ဦး သေသွားတယ်လို့ Generation Z Power – GZP (Mandalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အကြမ်းဖက်စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။
