မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီး၊ ကွတ်ခိုင်တွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ရာ နေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးပြီး ကွတ်ခိုင်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသော မန်တုံမြိုနယ်တွင် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အရပ်သားများအားဦးတည် ပစ်ခတ်တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၁၃ ကြိမ်၊ Y12 လေယာဉ်ဖြင့် ၄၈ ကြိမ်၊ စစ်ကောင်စီ၏
၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ် ၃၀ ကျော် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြိုရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြိုတွင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် လွယ်ကန်ကျေးရွာ မန်တုံမြိုနှင့် ဒုက္ခသည်စခန်းရှိ မီးတိုင်များ ကျိုးကျပျက်စီးခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်ကာ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ ထို့ပြင် မန်တုံမြိုရှိ မြိုခံအမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ကွတ်ခိုင်မြိုနယ်တွင်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ အချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် လွယ်ပယ်စု ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ မိုင်းအလေဝ်း အသက် ၂၅ နှစ် သေ ဆုံးခဲ့ပြီး လွေးအိုဆွေ အသက် ၂၄ နှစ်နှင့် ဟိုကျန့်ရွာခံ ဦးအိုက်ကမ် အသက် ၅၅ နှစ်တို့ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

