26 C
Yangon

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စီးနင်းနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စီးနင်းနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စီးနင်းနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း Youths for Community-YfC Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ရေစကြိုမြို့ ဘက်မှ လာသည့် သင်္ဘော ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြစ်ကမ်းဘေးရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အလားတူ ကျောက်ရစ် ရဲစခန်း၌ အထိုင်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းလျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း ၊ဆူးလေကုန်း၊ ရွှေတချောင်းကျေးရွာများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

” စစ်ခွေးတွေက စစ်ကြောင်း ၂ ကြောင်းနဲ့ ကျေးရွာတွေကို စီးနင်းနေတာ စစ်ရှောင် ပြည်သူ ၃၀၀၀ ကျော် လောက်ရှိပါတယ်။ နံနက်ပိုင်းလောက်က ရေလမ်းကနေ စစ်သင်္ဘော ၂ စီးနဲ့ တက်လာတဲ့ စစ်ကြောင်း ၁ ကြောင်းနဲ့ ကျောက်ရစ် အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကြောင်း ၁ ကြောင်းပေါ့ ကျေးရွာတွေကို စီးနင်းနေတာ အခုလက်ရှိတော့ ကျေးရွာ ၂ ရွာ မှာ စစ်ကြောင်း ၂ ကြောင်းနဲ့ ခွဲထိုင်နေပြီး ဘေးပတ်ဝန်းကျင် ရွာတွေက ရှောင်နေရပါတယ်” ဟု Youths for Community-YfC Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article