27 C
Yangon

စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်း၊ တံတားပြုပြင်ရေး လုပ်ဆောင်သူများ အသက်အန္တရာယ်တာဝန်မယူဟု သတိပေးချက် ထုတ်ပြန်

Must read

စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်း၊ တံတားပြုပြင်ရေး လုပ်ဆောင်သူများ အသက်အန္တရာယ်တာဝန်မယူဟု သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်းလိုက်ကြောင်း People Defense Force-Thandaung က တရားဝင် သတင်းထုတ်ပြန်ပြီး ဒေသပြည်သူများကလည်း ချောင်းကူးတံတား မိုင်းခွဲမှုကြောင့် ပျက်စီးသွားကြောင်း အတည်ပြု ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၉ မိနစ်အချိန် ကရင်ပြည်နယ်နှင့်ပဲခူးတိုင်းအစပ် သံတောင်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ၏ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သော တောင်ငူ-လိပ်သိုလ် -လွိုင်ကော်ကားလမ်း တွင်ရှိသော ချောင်းကူးတံတား တစ်စင်းကို KNUတပ်မဟာ ၂ ၊တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့(သံတောင်)က ဖောက်ခွဲကာ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားကြောင်း၊ အထက်ပါ တံတားနှင့်ပတ်သက်သော ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းစဉ်အသေးအကြီး များတွင် ပါဝင်ပတ်သက်ခြင်းမပြုကြရန် ၊ ပါဝင်ပတ်သက်မိပါက အသက်အန္တရာယ် တာဝန်မယူကြောင်း‌ People Defense Force-Thandaungက သတိပေးထားသည်။

“တောင်ငူ အရှေဖက် လွိုင်ကော်သွားတဲ့ လမ်းမကြီးပေါ် တောင်ငူအရှေဖက် ၇မိုင် ခန့်အကွာ ပသိဆည်တမံ အနီးမှာရှိတဲ့ ကျောက် တိုင်ရွာ၊ ကျောက်တိုင်ကွန်ကရစ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ လမ်းပိတ်ထားရတယ်။ မိုင်းပေါက်တာက တောင်ငူမြို့အထိတောင် တုန်ခါသံနဲ့ ပေါက်ကွဲသံကြီးကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article