တောင်ကိုရီးယားနိုင်ငံ ဘူဆန်၊ဂင်မဲမြို့တွင် The Way musical ရုပ်ရှင်ပြသပြီး အဆိုတော်လင်းလင်းနှင့်ချစ်သုဝေတို့ ဂစ်တာကို ကျပ်သိန်း ၆၅၀ ကျော်ဖြင့် လေလံဆွဲ
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
တောင်ကိုရီးယားနိုင်ငံ ဘူဆန်၊ဂင်မဲမြို့တွင်အဆိုတော် လင်းလင်း ရိုက်ကူးထားသော The Way musical film ပွဲ ပြုလုပ်ခဲ့ပြီး လက်မှတ်အစောင်ရေ ၄၂၀ ရောင်းချခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ပွဲတော်တွင် အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ လက်မှတ်ပါ ဂစ်တာလေလံပွဲကိုလည်း ပြုလုပ်ခဲ့ရာ ယင်းဂစ်တာကို စံချိန်တင်ဈေးအမြင့်ဆုံး ဝမ်သိန်း ၂၅၀ ( မြန်မာငွေ တန်ဖိုးခန့်မှန်း သိန်း ၆၅၀ ကျော်) ရရှိခဲ့ကြောင်း သိရှိရသည်။