28 C
Yangon

မြင်းခြံတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုရှိ ရုံးပေါင်းစုံဝင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

Must read

မြင်းခြံတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုရှိ ရုံးပေါင်းစုံဝင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာ ဖောက်လမ်းပေါ်ကို ရောက်ရှိလာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRDF နှင့်အတူ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့ ၊ ဒေါင်းမင်းတမန်အဖွဲ့ ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း ၊ မလှိုင် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံဝင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံဝင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရုံးပေါင်းစုံ ဝင်းအတွင်းရှိ ခန်းမဆောင်၌ စုဝေးနေ​စဥ် Myingyan Black Tiger (MBT) တပ်ဖွဲ့က ၄၀ မမ ၁ လုံးနှင့် လက်ပစ်ဗုံး ၁ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MBT တပ်ဖွဲ့နှင့် TPG တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ရုံးပေါင်းစုံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article