22.9 C
Yangon

ကိုးကန့်နှင့် သိန္နီတွင် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

ကိုးကန့်နှင့် သိန္နီတွင် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်နှင့် သိန္နီတို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွက် ကိုးကန့် ဒေသ ရှိအိုနေရာကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသ ရှိအိုလုံတုံ့နေရာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နယ်စပ်မှတ်တိုင် ၁၂၃ နေရာရှိ စစ်ဘေး တိမ်းရှောင်နေသော အသက် ၁၆ နှစ် အရွယ် မိန်းကလေး ၁ ဦးသည် နယ်စပ် မှတ်တိုင် ၁၂၄ အနီး ထင်းကောက်နေစဥ် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေနှစ်ချောင်းထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ ကိုးကန့်ဒေသတွင် ရက်အနည်းငယ် တည်ငြိမ်မှုရှိခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ကိုးကန့်ဒေသနှင့် ကိုးကန့် ပတ်ဝန်းကျင်ရှိ နေရာများကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်တွင်လည်း စစ်ပွဲများပြန်လည် ဖြစ်‌ပေါ်လာပြီး လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေကာ အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ခတ်မှုများလည်း ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း သိန္နီ ဒေသရှိ ရဲစခန်းပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်အထူးဒေသ ၁ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅၅ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက် ဒဏ်ရာရကာ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article