28 C
Yangon

ရေတာရှည်နှင့်ရွှေကျင် မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရေတာရှည်နှင့်ရွှေကျင် မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာထိပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၃ မိနစ်တွင် စစ်တောင်းမြစ်ကမ်းအတိုင်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကဲလင်းဆိပ်ကျေးရွာ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဆီးကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ ကျန် ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လမ်းခရီး တစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်းနှင့် ကီးကူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက် ပွဲ ပြီးဆုံးချိန်၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သားများ အသုံးပြုသော ကျည် ဆံ အချို့နှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အထိနာသွားသောစစ်ကောင်စီ စစ်ကြောင်းသည် ဘိုတဲစုကျေးရွာမှတဆင့် တောင်သာကျေးရွာ ဘက်သို့ ချက်ချင်းပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၁ ရှေ့တန်းစခန်း တစ်ခု ကို တိုက်ခိုက်ခဲ့ရာ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ် က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၂ ရက် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က ရွှေကျင်မြို့နှင့် ကွင်းဆိပ်ကြားရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခမရ ၃၅၁ စခန်းထိုင်ထားသည့် ယာလာပွာ(လှည်းယပ်)ရှေ့တန်းခြေကုပ်စခန်းကို ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၏ ဦးစီးမှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ထံမှာ MA-1 ၁ လက်၊ MA-2 ၁ လက်၊ ၅.၅၆ ကျည် ၁၀၁၃ တောင့်၊ ၇.၆၂ ကျည် ၂၁၇ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ နှင့် လက်ပစ် ဗုံး cap ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article