28 C
Yangon

မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်ဝင်းမှ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်ဆေးရုံကို ဒဏ်ရာ စစ်သားများ ပို့ဆောင်စဥ် ထပ်မံ တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိ

Must read

မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်ဝင်းမှ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်ဆေးရုံကို ဒဏ်ရာ စစ်သားများ ပို့ဆောင်စဥ် ထပ်မံ တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်ဝင်းမှ စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး စစ်ဆေးရုံကို စစ်သား အလောင်းနှင့် ဒဏ်ရာရသူများကို သယ်ဆောင်စဥ် ထပ်မံ တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၁ မိနစ်ခန့်တွင် သာစည် အကျဉ်းထောင်ဝန်းမှ ဆက်ကြေးကောက်ခံရန် ထွက်ရှိလာသော အကြမ်းဖက် စစ်စီတပ်သား ၁၀ ဦးခန့်ကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) နှင့် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်များက ခြုံခို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် ၇ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခြုံခို တိုက်ခိုက်မှု​အတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်တပ်သားများကို မုံရွာမြို့နယ်၊ အလုံမြို့ရှိ စစ်ဆေးရုံကို လူနာတင်ကားဖြင့် ပို့ဆောင်စဥ် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ)များက လမ်းပိုင်း တစ်နေရာ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ထပ်မံ သေဆုံးခဲ့ပြီး လက်နက် ၃ လက်ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF-Gara စခန်း)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Special Region Attack Force-SRAF) တပ်ခွဲနှင့်အတူ 9 Million အဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း၊ Future Star အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ(၄) Y.A.S.F၊ မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ(၃)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တိုက်နယ်(၅) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article