32 C
Yangon

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီး အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီး အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီး အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံး လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီခန့်က လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီးသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အရပ်ဝတ်တွေနဲ့ လာတာ အနီးကပ်ရောက်နေတာကို ကျွန်တော်တို့က ကျွန်တော်တို့ ရဲဘော်တွေပဲ ထင်နေတာ ရဲဘော် ၁ ဦးက သွားခေါ်နေသေးတယ်။ ဒီဘက် နေရာယူဖို့ ဟိုက ဗမာစကားပြောမှ စစ်ခွေးမှန်းသိရတာ အဲမှာ အနီးကပ်ပစ်ကြတာ သိမ်းဆည်းရတာတွေ မရရှိခဲ့ဘူး” ဟု လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ပြဲကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပြည်သူ့နေအိမ်အချို့မှ အဖိုးတန်ပစ္စည်းများနှင့် ဆိုင်ကယ် ၅ စီးကို ခိုးယူသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF ၊ ထားဝယ်နဂါးတပ်ခွဲ ၁ ၊ တပ်ခွဲ ၅ နှင့် Guerilla Dawei တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article