Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကနေ တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁၈ ဦးသေသွားတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။
– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်း ပိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးသေသွားပြီး ၊ ပျူစောထီး အယောက် ၆၀ ကို အရှင်ဖမ်းမိထားတဲ့အတွက် စစ်သုံ့ပန်း မူဝါဒတွေနဲ့ အညီ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ် ထားရှိတဲ့ မြောက်ဦးပြတိုက် ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။