27.7 C
Yangon

လောက်ကိုင်နှင့် နမ္မတူတို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၆ ဦးသေဆုံး

Must read

လောက်ကိုင်နှင့် နမ္မတူတို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်နှင့် နမ္မတူမြို့နယ်တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၆ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်အချိန် နမ္မတူမြို့၊ အမှတ် ၃ ရပ်ကွက်ပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချရာ ပိတောက်ဝါအကင်ဆိုင်မှ အမျိုးသား ၂ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“နမ္မတူမြို့ပေါ်ကို ဗုံးကျဲချတော့ ဆုံးကာ ပိတောက်ဝါ အကင်ဆိုင်က ကိုအငဲနဲ့ ကိုမောင်ထွန်းသား အငယ်လေး ပွဲချင်းပြီးဆုံးပါတယ်။ ဗုံးစက ခေါင်းကို မှန်တာ” ဟု နမ္မတူမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ယမန်နေ့ လောက်ကိုင်မြို့ပေါ်သို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပြည်သူ ၄ ဦးထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဖူလီလိုက်ဟိုတယ် ဘေးကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာမှာ ပြည်သူ ၄ ဦးပွဲချင်းပြီးဆုံးပါတယ်။ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်တာပါ” ဟု လောက်ကိုင်မြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လောက်ကိုင်နှင့် နမ္မတူမြို့တို့တွင် ပြည်သူများ ထိမှန်သေဆုံးနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article