28.3 C
Yangon

ဂန့်ဂေါ၊ မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်တပ်စခန်းကို ချင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

ဂန့်ဂေါ၊ မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်တပ်စခန်းကို ချင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာ ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးပူး ပေါင်းတပ်များက သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိကြောင်း ZZLMS ညီနောင်အဖွဲ့က သတင်းထုတ် ပြန်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ZZLMS ညီနောင်များနှင့်အတူ CDF- Mindat၊ CNO/CNDF ၊ CDF-KKG ၊ ဂန့်ဂေါခရိုင် PDF ၊ Unbroken Generation နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီတပ်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး လက် နက် ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ CDF-Mindat ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အခု စခန်းသိမ်းခံရတဲ့နေရာကို စစ်တပ်က ပြန်ပြီးတော့ ထိုးစစ်ဆင်ဖို့ လုပ်နေတယ်လို့ ကြားရပါတယ်။ ဒီကြားထဲလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါသေးတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article