သပိတ်ကျင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်ခဲယမ်း များသိမ်း ဆည်း ရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်များသိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီအထိ မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်၊ သပိတ်ကြီးနှင့် ချောင်းကြီးကြားသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅၀၉၊ ၅၁၀၊ သပိတ်ကျင်း (ပကဖ) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို စိစစ်ဆဲဖြစ်ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
လက်ရှိတွင် နယ်မြေလုံခြုံရေးကိစ္စများ ဆောင်ရွက်ပြီးစီးပါက သတင်းများ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF-စစ်ရုံးချုပ်)က သတင်းထုတ်ပြန်သည်။
