28 C
Yangon

နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာအနီး စစ်တပ်က ပြည်သူ ၇ ဦးကို မီးရှို့သတ်ဖြတ်ပြီး စစ်ရှောင်တဲ အလုံး ၃၀ ကျော်နှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီး

Must read

နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာအနီး စစ်တပ်က ပြည်သူ ၇ ဦးကို မီးရှို့သတ်ဖြတ်ပြီး စစ်ရှောင်တဲ အလုံး ၃၀ ကျော်နှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီး

■ ကျေးရွာ ၃၀ ကျော်မှ ထောင်နှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ လိုအပ်နေပြီး ငှက်ဖျားရောဂါများ ဖြစ်ပွားနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာအနီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၇ ဦးကို မီးရှို့သတ်ဖြတ်ပြီး စစ်ရှောင်တဲ အလုံး ၃၀ ကျော်နှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ကာ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည် အထက်ပိုင်း ရိုးမပေါ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး သရက်ချောင်းရွာရှိ စစ်ရှောင်တဲများကို စတင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် သဖန်းချောင်းရွာ၊ ညောင်လေးပင်ရွာ အနီးတစ်ဝိုက်နှင့် ကွေ့ကြီးရွာအနီးတစ်ဝိုက်ရှိ စစ်ရှောင်တဲများနှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်လေးပင်ရွာအရှေ့ဘက် ယာတောစပ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၇ ဦးကို လက်ပြန်ကြိုးတုတ်ပြီး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ် ခဲ့ကြောင်း၊ စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူများမှာ ကွေ့ကြီးရွာမှ ကိုထွန်းသန်းနှင့် ကိုမျိုးကြီး တို့ပြီး ကျန် ၅ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ပြည်သူ ၇ ဦးကို မီးရှို့သတ်ဖြတ်သွားတယ်။ ကွေ့ကြီးရွာက ကိုထွန်းသန်းနဲ့ ကိုမျိုးကြီး တို့ ၂ ဦးပဲ အတည်ပြုနိုင်သေးတယ်။ ကျန် ၅ ဦးကို အတည်မပြုနိုင်သေးဘူး။ ညောင်လေးပင်က စစ်ရှောင်တဲ အလုံး ၂၀ ကျော်နဲ့ ကျန်ရွာတွေကရောဆို အလုံး ၃၀ ထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိပြီး စစ်ဘေးရှောင် ပြည်သူများလည်း ငှက်ဖျားရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article