25 C
Yangon

မုံရွာမြို့နယ်တွင် ဒဏ်ရာရ ရဲ ၁ ဦးကို လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံကို ပို့ဆောင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

Must read

မုံရွာမြို့နယ်တွင် ဒဏ်ရာရ ရဲ ၁ ဦးကို လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံကို ပို့ဆောင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ဒဏ်ရာရ ရဲ ၁ ဦးကို လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံကို ပို့ဆောင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ရဲ ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန်တွင် ပရဟိတကားကို ချောဆွဲပြီး သာစည်ရဲ စခန်းမှ ထွက်လာသော ဒဏ်ရာရ ရဲတစ်ဦး၊ အစောင့် စစ်သား၊ ရဲ ၄ ဦးလိုက်ပါလာသည့် ကားတစ်စီး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ရပ်တန့်ခြင်းမရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကား ပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ၅ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော G3 သေနတ် ၂ လက်၊ MA 13 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ ထို့အပြင် ပရဟိတ ကားသမားနှစ်ဦးကိုလည်း ဘေးကင်း လုံခြုံစွာ ကယ်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် ၂တိုက်နယ် ပကဖ ဒု တိုက် နယ်မှူး ဦးစီး၍ အမှတ် ၂ တိုက်နယ် ပကဖ၊ တောကျွဲကြီး‌ပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ – ပလဖ၊ God of Monywa ၊ Golden Eagle၊ ပုဏ္ဏက ပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်တစ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article