Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ကောလင်းမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို မြေပြင်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးတော့မှာဖြစ်တယ်လို့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကနေ တရားဝင် ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
– စက်သုံးဆီ တင်သွင်းဖို့ အမေရိကန်ဒေါ်လာ ပြတ်လပ်နေတဲ့ စစ်ကောင်စီက ပို့ကုန်ရငွေတွေကို စစ်တပ်ဆီ အမြန်ဆုံးပေးဖို့ ပို့ကုန်ကုမ္ပဏီတွေကို ဖိအားပေးနေတယ်လို့ သိရပါတယ်။
– မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကနေ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များသွားတဲ့အပြင် ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ကြေညာလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။