28 C
Yangon

မလှိုင်နှင့် နွားထိုးကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆိုင်ကယ်စီးလာသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ ရေဦးမြို့အဝင် ရွှေကျီးမင်းဂိတ်ရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မလှိုင်နှင့် နွားထိုးကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆိုင်ကယ်စီးလာသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ ရေဦးမြို့အဝင် ရွှေကျီးမင်းဂိတ်ရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆိုင်ကယ်စီးလာသော စစ်သားများကို တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း – NRDF ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ၏ မြောက်ဘက် ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲလျက်ရှိသော အကြမ်းဖက် စစ်တပ်ကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့ နှင့်အတူ နွားထိုးကြီးမြို့နယ် ပက.ဖ 27 Revolution Force မလှိုင်တပ်ပေါင်းစုနှင့် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း – NPDF တို့ပူးပေါင်းပြီး Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆိုင်ကယ် ၈ စီးဖြင့် နွားထိုးကြီးမြို့နယ် အတွင်းရှိ ဆူးရစ်ကုန်း ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ည ၈ နာရီခန့် စစ်ကောင်စီ တပ်သားများ ပြန်လာစဥ် သရက်ကန်ကျေးရွာအနီး၌ မဟာမိတ် ပူးပေါင်း ၄ ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအပြီး ဆိုင်ကယ် ၈ စီးလုံး နေရာ၌ပင် ရပ်တန့်သွားကာ သက္ကယ်ကျင်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ထံမှ တပ်ကူကား ၁ စီး ရောက်ရှိလာကြောင်း၊ ထိုတိုက်ခိုက်များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့အဝင်ရှိ ရွှေကျီးမင်းစစ်ဆေးရေး ဂိတ်ရှိ အကြမ်းဖက်စစ်ကောင် စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခန့်ကရေဦးမြို့အဝင်ဂိတ်ဖြစ်သည့် ရွှေကျီးမင်း ဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ Jumper လာရောက်တပ်ဆင်သည်ဟု သတင်းရရှိ သဖြင့် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ Fixed Wings Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဂိတ်မှာ ဂျန်ပါလာတပ်တယ် သတင်းရလို့ ပြောက်ကျားစစ်ဆင်ရေး တစ်ရပ်အနေနဲ့ တိုက်ခိုက် ခဲ့တာပါ၊ ဗုံး သီး သုံးလေးလုံးလောက်ပဲ ကျဲချခဲ့တာ၊ ထိခိုက်သေဆုံး၊ ပျက်စီးမှုကတော့ မသိရသေး ပါဘူး၊” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article