Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ပျက်ပြီးနောက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်” လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြန်မာစစ်တပ်ကို သတ်မှတ် အမည်ပေးခေါ်ဝေါ် သုံးစွဲလိုက်ပါတယ်။
– လောက်ကိုင်မြို့အတွင်းက နေရာအများစုကို MNDAA တပ်တွေက ဝင်ရောက် သိမ်းပိုက် ထိန်းချုပ် ထားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ကတော့ တိုက်လေယာဉ်နဲ့ ဗုံးကျဲပြီး မြို့ကို ဖျက်ဆီးနေ တယ်လို့ လောက်ကိုင်မြို့ အတွင်းမှာရှိတဲ့ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
– ပဲခူးတိုင်းက နတ်သံကွင်းမြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး အုန်းနှဲပင် စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်သား ၈ ဦး သေသွားတဲ့အပြင် ၊ လက်နက် ၈ လက်နဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။