27 C
Yangon

ရွှေဘိုခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

ရွှေဘိုခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Flying Dragon Force တာဝန်ခံ ကိုဗလ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်က ရွှေဘိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗုံးသီး ၂ လုံးချခဲ့တာပါ၊ ခရိုင်တရားရုံးတစ်ခုတည်းကိုပဲ ချခဲ့တာ၊ ရဲခွေး တစ်ကောင်သေတယ်၊ ၃ ကောင် ထိခိုက်ဒဏ်ရာရတယ်၊ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ” ဟု Flying Dragon Force တာဝန်ခံ ကိုဗလ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ Shwebo Crocodile ရွှေဘိုပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုစွန်ရဲ၊ မဟူရာရွှေဘိုသား၊ ကျားညီနောင်၊ MRTF ၊ NGWE DWIN REVOLUTION FORCE ၊ တံတားညီနောင် ပျောက်ကျားတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ ၊ သိဒ္ဓိရှင်၊ နဂါးညီနောင်၊ Hero Brother ၊ အောင်စည်အောင်မောင်း၊ တာနောယက္ခ ၊ ဗိုလ်လင်းရောင်(ဒပယ)၊ သိင်္ခအားမာန် နှင့် တန၂ တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြည်သူများကို ဖိနှိပ်အနိုင်ကျင့် ဗိုလ်ကျနေသော အကြမ်းဖက်စစ်ကောင်စီ ယန္တရား သက်ဆိုး ရှည်ရန် လုပ်ဆောင်နေသော ထောက်တိုင် မှန်သမျှ အမြစ်ဖြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ လက်အောက်ခံများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အချိန်မီပူးပေါင်းပါဝင်ကြ ပါရန် သတိပေး တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article